အနော်ရထာမင်းမြတ်

အနော်ရထာမင်း(မြန်မာ-၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်းခေါ်တွင်သည်။အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိူင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၈ဆက်အနက် ၄၂ဆက်မြောက်မင်းဖြစ်သည်။ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည်တို့မှ သက္ကရာဇ် ၃၇၆ခုနှစ်တွင် ဖွားမြင်ခဲ့သည်။အရည်းကြီးဝါဒကို နှိမ်နှင်း၍ ထေရဝါဒဗုဒ္ဓသာသနာကို ထွန်းကားစေခဲ့သည်။ဆည်မြောင်း ကန်ချောင်းတို့တည်ဆောက်၍ နိူင်ငံ၏ စီးပွားရေး အုပ်ချုပ်ရေး ကာကွယ်ရေး တို့ကို စနစ်တကျဆောင်ရွက်ခဲ့သည်။ ပုဂံဒေသမှ ယနေ့တိုင်တွေ့မြင်နိူင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်းမျက်နှာ အစကို ရှင်အရဟံနှင့် လက်တွဲကာဖွင့်လှစ်ခဲ့သူဖြစ်သည်။မြန်မာနိူင်ငံအလယ်ပိုင်းသို့ ထေရဝါဒဗုဒ္ဓသာသနာအား ပြန့်ပွားစေခဲ့သူလည်းဖြစ်သည်။အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့်မြောက်ပြင်သည်မိဖုရားတို့မှ ဖွားမြင်ပြီးနောက် ကျဉ်းစိုးမင်းကထီးနန်းအစဉ်အလာမပျက်အောင် အနုရာဓရွာ(မြင်းကပါ)ကိုစားစေဟု ချီးမြှင့်ခဲ့သည်။ထို့ကြောင်း အနုရာဓရွာစား မင်းသားဟုလည်းခေါ်တွင်သည်။
***********
ကွမ်းဆော်ကြောင်ဖြူမင်းကို သားတော်နှစ်ပါးဖြစ်သည့် ကျဉ်းစိုးမင်းနှင့် စုက္ကတေးတို့ကအကောက်ကြံနန်းချပြီးနောက် ကျဉ်းစိုးမင်းသားနန်းတက်သည်။ခြောက်နှစ်ခန့်ကြာသော် ညီတော်စုက္ကတေးကလုပ်ကြံသဖြင့် ကျဉ်စိုးကွယ်လွန်ပြီး စုက္ကတေး နန်းပြုလေသည်။စုက္ကတေးသည် ဖအေတူမအေကွဲဖြစ်သော အနော်ရထာ၏မယ်တော်ကို သိမ်းပိုက်ခဲ့သည်။ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟုခေါ်လိုက်လေသည်။
(ညီသားနောင်မယ် ဆိုသောစကားမှာ ညီလည်းညီ သားလည်းသားဟူသောအဓိပ္ပါယ်သက်ရောက်သည်။)ထိုစကားသည် မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရသည်။စုက္ကတေး၏ မိခင်အလယ်ပြင်သည် မိဖုရားနှင့် မြောက်ပြင်သည်မိဖုရားတို့မှာ ညီအစ်မဖြစ်ရာ အနော်ရထာ၏မိခင်မှာ စုက္ကတေး၏မိထွေးတော်သည်။ထိုစကားကို အနော်ရထာသိသောအခါ မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး  ပုပ္ပါးအရပ်၌တိမ်းရှောင်ကာ စစ်တိုက်ရန် လူသူအင်အားစုစောင်းခဲ့သည်။ပုဂံကိုပြန်လည်သိမ်းပိုက်ရန် စစ်ချီလာပြီးနောက် စစ်ဖြစ်လျှင် လူသူအများ သေကြေပျက်စီးမည်ကိုမလိုလား၍ စုက္ကတေးနှင့်တစ်ဦးချင်း မြင်းကပါအရပ် စီးချင်းထိုးရာ အနော်ရထာနိူင်ပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။

အနော်ရထာလက်ထက်တွင် ထူးခြားသောနိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်ကြသော ဟူးရားဖြူ ဟူးရားညို တို့ကိုမေးမြန်းရာ နောင်တွင်ပေါ်မည့်မင်းလောင်း ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြသည်။အနော်ရထာသည် သူ၏ထီးနန်းကိုမစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကိုသတ်စေသည်။

ထိုနောက်ကာလအတန်ကြာတွင် သတိရသဖြင့်ပုရောဟိတ်တို့အား မေးမြန်းရာ နို့စို့အရွယ်ရောက်နေပြီဟုဖြေကြားရာ နို့စို့အရွယ် ကလေးအားလုံးအားသတ်စေသည်။ပုရောဟိတ်တို့အားနောင်အချိန်တွင် ထပ်မံမေးမြန်းရာ  နွားကျောင်းသားအရွယ်ရောက်နေပြီဟုဆိုသဖြင့်နွားကျောင်းသားအရွယ်ကလေးအားလုံးအားသတ်စေသည်။နောင်နှစ်အတန်ကြာတွင် ထပ်၍မေးသောအခါ ယခု  ရဟန်းပြုနေပြီ။ အကယ်၍နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့်ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သောသူသည် မင်းလောင်းဖြစ်သည်ဟုဆိုသည်။ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များအား ဆွမ်းဖိတ်ကျွေးသောအခါ စက်ရောင်ထွက်သူကိုတွေ့ရလေသည်။ထိုအခါ အနော်ရထာက ဟူးရားဖြူ ဟူးရားညို တို့အားဤသူသည်ငါ၏ထီးနန်းကိုသိမ်းပိုက်မည့်သူလားဟုမေးမြန်းရာ  ဟူးရားတို့က မဟုတ် ။ နောင်မင်းတစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟုဆိုသည်။ အနော်ရထာသည် ငါ့ထီးနန်းကိုလုမည် ထင်သဖြင့် မဆိုင်သောလူများစွာကို မဆိုင်ဘဲသတ်ဖြတ်မိပြီဟု နောင်တရသည်။ထိုသူမှာကျန်စစ်သားဖြစ်သည်။

အနော်ရထာမင်းသည် ဗုဒ္ဓဘာသာ သာသနာကို ထွန်းလင်းစေခဲ့သည့် သာသနာပြုမင်းကောင်းမင်းမြတ်တစ်ပါးလဲဖြစ်သည်။ဤနေရာ၌ ပုဂံခေတ်က အရည်းကြီးများအကြောင်းကို အကျဉ်းချုံးတင်ပြလိုသည်။
ပုဂံခေတ်မတိုင်ခင်အချိန်ထိပုဂံမှာအရည်းကြီးဝါဒထွန်းတောက်ခဲ့သည်။
အရည်းကြီးရဟန်းတွေကို အဲ့ခေတ်က ရှင်မထီးလို့ခေါ်ကြသည်။
စာအုပ်တစ်အုပ်ထဲမှာ ဖော်ပြထားသော ရှင်မထီးရဲ့ပုံပန်းသဏ္ဌာန်က
“ရှေးအတီတွေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊
မုဆိတ်မွေး ဗလပြစ်၊ မဲညစ်သည့် စီဝရံနှင့်၊
တာတေလံ အကျင့်ဆိုးသော၊
ရှင့်သိုးတကာ့ခေါင်ထီး၊ ရှင်မထီး” တဲ့။ဟူ၍ဖော်ပြထားသည်။

ရှင်မထီးဆိုသူ အရည်းကြီးတွေက
ဆံပင်ကို လက်လေးသစ်လောက်ရှည်အောင်ထားလေ့ရှိသည်။
မုဆိတ်မွေးက ဗလပြစ်နဲ့အလွန်ကြည့်ရဆိုးသည်။
စီဝရံဆိုတာက ပါဠိစကား၊ မြန်မာလို သင်္ကန်း။
ဒါ့ကြောင့်သူတို့ဝတ်ဆင်တဲ့သင်္ကန်းက မဲညစ်ညစ်အရောင်ရှိတဲ့သင်္ကန်းဟု ယူဆရသည်။
        ဆံရှည်ထားခြင်း၊မုတ်ဆိတ်မွေးဗလပြစ်ရှိခြင်း
ညစ်ထေးထေးသင်္ကန်းဝတ်ခြင်းများက ကိစ္စမရှိ။
သို့ပေမယ့် သူတို့ကျင့်ကြံသည့်အကျင့်က အတော်ဆိုးသည်။
အကျင့်ဆိုးခြင်းက သူတို့ကို ကိုးကွယ်နေတဲ့သူတွေကိုပါ
ထိခိုက်စေသည်။
အနော်ရထာမင်းလက်ထက် ပုဂံပြည် ရှင်မထီးအရည်းကြီးတွေကို
ပန်းဦးဆက်သရတဲ့အလေ့ရှိသည်။
        ပန်းဦးဆက်သရသည် ဆိုသည်မှာ
အရွယ်ရောက်လို့ အိမ်ထောင်ပြုတော့မယ်ဆိုရင်
မင်္ဂလာလက်ထပ်ပွဲ ကျင်းပကြရသည်။
ဒီလို မင်္ဂလာပွဲလက်ထပ်ကျင်းပပြီးတဲ့အချိန်
သတိုးသားက သတိုးသမီးကို ရှင်မထီး အရည်းကြီးရဟန်းတော်ကြီးတွေကို
ဆက်ကပ် လှူဒါန်းရသည်။
သတိုးသားနဲ့ သတိုးသမီးအတူမအိပ်ခင် သတိုးသားက သတိုးသမီးကို
အရည်းကြီးရဟန်းတော်တွေကို ဦးဦးဖျားဖျားလှူဒါန်းတာကို
ပန်းဦးဆက်သခြင်းလို့ ခေါ်သည်။
        ဆိုလိုသည်မှာ သတိုးသမီးနဲ့ အရည်းကြီး တစ်ညအိပ်စေခြင်းဖြစ်သည်။အချို့က ငြင်းဆန်ထွက်ပြေးကြသော်လည်း မရရအောင် ဖမ်း၍ နှိပ်စက်ကြသည်။
ဘုန်းတန်ခိုးကြီးမားသော်လည်း တိုင်းပြည်ရေးအတွက် အလုပ်လုပ်ခြင်းမှလွဲ၍ ဘာသာ၊သာသနာဆိုတာ ဘာမှန်းမသိသေးသည့် မင်းမြတ်အနော်ရထာကိုယ်တိုင်လဲ ထိုအရည်းကြီးများကို မနှစ်သက်ပေ။
မကြာခဏကြားနေရသော သတင်းဆိုးများကြောင့် စိတ်နှလုံးမသာယာဖြစ်နေရသည်။ထိုအခြေအနေမှ ကယ်တင်နိုင်ခဲ့သူမှာ ......

အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး‎ တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။

အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။

ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တာ်ကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။

ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။

မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။

လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူ၍ အရေအတွက်မှတ်သားပြဆိုသော စာဆိုစကား ကျန်ရစ်လောက်အောင် သာသနာ့အဆောက်အဦ ဘုရားပုထိုးများ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် အနော်ရထာသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီးတို့ကို နှိမ်နင်းခဲ့သည်။

အနော်ရထာ ဘုရင်သည် မြောက်ဘက် နှင့် အရှေ့ဘက် ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအား စည်းရုံးသိမ်းသွင်းပြီးနောက် တောင်ဘက်ရှိ မွန်နယ်များနှင့် မွန်လူမျိုးများအား ဆက်လက်သိမ်းသွင်းခြင်း ပြုသည်။ ထို့နောက် အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် မာလာယုကျွန်းဆွယ်ကြီးများအား စိုးပိုင်သည့် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ်နှင့် မွန်လူမျိုးများ၊ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသအား ကမ္ဗောဇဘုရင်များက ၎င်းတို့၏ လက်အောက်ခံ ပဏ္ဏာဆက်ပြည်နယ်များအဖြစ် သဘောထားကာ ဆက်သွယ်နေသော ကြောင့် ဖြစ်သည်၊ အနော်ရထာဘုရင် ကမ္ဗောဇနိုင်ငံသို့သွားရောက်ခဲ့သည်မှာ အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇဘုရင်များ မှ ဝင်ရောက် စွက်ဖက်ခြင်း မတွေ့ရှိရ သောကြောင့်ဖြစ်သည်။
သို့သော် ၁၃ ရာစုခန့်တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့ ဝင်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ကြပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ကိုယ် သူတို့ မွန်ခမာလူမျိုး တို့၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အားပြန်လည်ဖဲ့ယူ ရန်ကြိုးပမ်း သောကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။

အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့အား စည်းလုံး သိမ်း သွင်း ပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့နောက် နိုင်ငံရေး အရ ၊ အိနိ္ဒယ နိုင်ငံ အာသံနှင့် ဘင်္ဂလားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိနိ္ဒယ နိုင်ငံ အရှေ့ဘက် တလှွား မှ မကြာ ခဏ ဝင်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။ အနော်ရထာ သည်ရခိုင် ကမ်းရိုးတန်း ဒေသများ အားနိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်းခြင်းဖြစ်သည် ပုဂံခေတ်တလျှောက်လုံးတွင် ရခိုင်ပြည် သည်မိမိတို့ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာရှိ နေကြပြီး ရခိုင် လူမျိုး တို့ ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည်  စွက်ဖက်ခြင်း မပြုခဲ့ပေ။ အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ်နှင့်နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့ ၏ ပြဿနာ ဖြစ်သည်။ ယင်း အရည်းကြီး တို့၏ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့သည် မင်းပြိုင် ကဲ့ သို့ဖြစ်နေသည်။ ထို့ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာဏာ ကြီးမားလျက် ရှိ သော အရည်းကြီး တို့ ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန်ရဟန်းတော် အရှင် ဓမ္မ ဒဿီ ဘွဲ့ခံ ရှင်အ ရဟံ အမှူးပြုသော ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။

ထို ထေရဝါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့နောက် ထို အရည်းကြီး လူထွက်များ အားပုဂံပြည် ၏ အ ထွေထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းဖြင့်မြန်မာ ရာဇဝင် များ ၌ ရေးသား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှုသည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။

ထို အရည်းကြီး တို့ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ မျှ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ကို နောက် တန်း သို့ပို့လျက် ထေရဝါဒ သာသနာ က ရှေ့တန်း သို့ တက် လာ ခဲ့ သည်။ သို့ရာ တွင် ထို အရည်း ကြီး တို့၏ သြဇာ အ ရှိန် အဝါ သည် လုံး၀ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း မျှ လောက် သာဖြစ်သည်။

မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ သည့် ဝါဒများ သည်ရောထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ရှိ နေရဆဲဖြစ်သည်။သို့သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည် ၊ သို့သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့အား သူ့ ခေတ် နှင့် သူ့နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ကြ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင်ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။ (မသက်ဇင် ၏ အနော်ရထာ ကျိုးပမ်းခြင်းဖြင့် ရှေ့တန်း ရောက်လာသည့် ထေရဝါဒသာသနာ)

သူရဲကောင်းများကိုလဲ သူကောင်းပြုသောမင်းဖြစ်သည်။

အနော်ရထာမင်း လက်ထက်တွင် မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သော ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူ၍ သူရဲကောင်းလေးဦး ပေါ်ထွန်းခဲ့သည်။ သူရဲကောင်းလေးဦး အပြင် ဗျတ္တ ဆိုသော သထုံက ကုလားတစ်ယောက်လည်း ပါသည်။

ဗျတ္တသည် သထုံပြည်အား အနော်ရထာမင်း \ာတိုက်ခိုက်သောအခါ ပါဝင်ခဲ့သော သူရဲကောင်း ဖြစ်သည်။


မိဘုရားများ

မိုးကောင်းအရှင် မင်းကြီး၏ သမီးတော် စောမွန်လှအား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ရှေ့ရှု၍ အနော်ရထာမင်းအား တရုတ်ပြည်မှ တိုက်ခိုက်အောင်မြင်ပြီးအပြန်တွင် လက်ဆက်ပေးခဲ့သည်။ အနော်ရထာသည် စောမွန်လှအား အလွင်ချစ်မြတ်နိုးပြီး အပါးတော်၌ ထားတော်မှုခဲ့သည်ဟု ဆိုသည်။ ထိုးကြောင့်ပင်လျှင် နန်းတွင်း မနာလိုမှု့များ ဖြစ်ပေါ်ခဲ့ပြီး စုန်းမ ဟုစွက်စွဲခါ ရှမ်းပြည်သို့ နယ်နှင်ခဲ့သည်။ သို့သော် လမ်းတွင် နားဒေါင်းကြရာ တည်းထားခဲ့သော ရွှေစာရံ စေတီတော် ကြောင့် ပုဂံပြည်သို့ ပြန်လည်ခေါ်ခဲ့သည်။

ပဲခူးဘုရင်သည်လဲ သမီးတော် မဏိစန္ဒာကို အနော်ရထာ မင်းအား ဆက်သခဲ့သည်။
ကျောက်စာများကပြောသောအနော်ရထာမင်းကြီး အနော်ရထာမင်းစောဟု လူသိများသော အနိရုဒ္ဓ(အေဒီ ၁၀၄၄-၁၀၇၇) မင်း၏ဘွဲ့အမည်မှာ \nသင်္သကရိုက်ဘာသာစစ်စစ်ဖြင့် မဟာရာဇဂြီ့ အနိရုဒ္ဓဒေ၀ ဖြစ်သည်။ သူသည် ပထမမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သူဟု ရာဇဝင်ကျမ်းအဆက်ဆက်တွင် ရေးသားဖေါ်ပြထားသော်လည်း နောက်ပိုင်းတွေ့ရှိချက်များအရ အေဒီငါးရာစုနှစ်မှ- ၇ ရာစုနှစ်အတွင်းပျူတို့ တန်ခိုးသြဇာကြီးလာ၍ ပထမပြည်ထောင်စုတည်ထောင်ခဲ့သည်ဟူသော အယူအဆသာပိုမိုသက်သေပြနိုင်ပါက အနော်ရထာမင်းကြီးသည် ဒုတိယပြည်ထောင်စုကို တည်ထောင်ခဲ့သူသာ ဖြစ်ပေမည်။ အနိရုဒ္ဓမင်းကြီး၏ ကောင်းမူ့တော် မြေပုံဘုရားများကို ပုဂံအတွင်းအပြင်၊တကောင်း၊မိတ္ထီလာ၊မင်းဘူးနှင့် ပြည်အစ ရှိသော နေရာဒေသများတွင် တွေ့ရသည်။ မြောက်ဘက်အကျဆုံးအနေဖြင့် မိုးမိတ်နယ်ရှိနွားတလဲရွာဆိုးဆိုသော အရပ်တွင်တွေ့ရ၍ တောင်ဘက်အကျဆုံးအဖြစ် မြိတ်မြို့နယ်တွင်တွေ့ရသည်။ ထို့ကြောင့် အနိရုဒ္ဓမင်းကြီး၏ အာဏာစက်မှာ မြောက်ဘက်မိုးမိတ်နယ်မှ တောင်ဘက်တနသာၤရီနယ်ထိ ကျယ်ပြန့်လှပါသည်ဟုဆိုနိုင်သည်။ သို့သော်တနသာၤရီနယ်ကို မင်းကြီး ချီတက်သိမ်းပိုက်ခဲ့သည် ဆိုသောအချက်မှာ သမိုင်းပညာရှင်များ အချီအချပြောနေကြဆဲဖြစ်သည်။

မင်းကြီး၏ကောင်းမူ့တော် မြေပုံဘုရားများသည်အရွယ်အစားအားဖြင့် အလျား ခုနစ်လက်မ၊အနံ ငါးလက်မ၊ထုသုံးလက်မ ရှိတတ်သည်။ အရွယ်အစားနှင့် အသေးစိတ်လက်ရာများ အနည်းငယ်ကွဲပြားခြားနားတတ်သည်။မြေပုံဘုရားများ၏ ပုံသဏ္ဍန်မှာ ေ့ရှတွင် မြတ်စွာဘုရားပုံတော်ကို လောကနာထနှင့် မေတ္တယ ဘုရားလောင်းနှစ်ပါး ခြံရံထား၍ လည်းကောင်း၊ တစ်ခါတစ်ရံ ထူပါရုံနှစ်ဆူခြံရံထား၍လည်းကောင်းထုလုပ်ထားသည်။ ကျောဘက်တွင်ဆုတောင်းစာနှင့်သွန်းလုပ်လှူဒါန်းသူ မင်းကြီး၏နာမည်ကိုတွေ့ရှိနိုင်သည်။ ထိုစာများကို ပါဠိ၊ သင်္သကရိုက်ဘာသာနှစ်ခုရောပြီး ရေးသားထား၍ ရေးဟန်မှာအောက်ပါအတိုင်းဖြစ်သည်။

မင်းအနိရုဒ္ဓ တည်းဟူသော ငါသည် သုဂတ(ဗုဒ္ဓ) ပုံကိုသွန်းလုပ်စေ၏။ ငါကောင်းမူ့ကြောင့် မေတ္တယ ဘုရားဖြစ်လျှင် ငါလည်းနိဗ္ဗာန်ရစေသတေး ။
အေဒီ၁၄၈၀ တွင်ရေးထိုးထားသော ကလျာဏီ ကျောက်စာတွင် အနိရုဒ္ဓမင်းကြီးသည် အေဒီ၁၀၅၇ တွင် သထုံကိုသိမ်းယူခဲ့သည်ဟုပါသည်။ ရာဇဝင်အစောင်စောင်တို့တွင် ပါရှိသကဲ့သို့ သာသနာရေးသက်သက်ကြောင့်စစ်ခင်းခဲ့သည်ဆိုသည်မှာ မဟုတ်တန်ရာဟု သမိုင်းပညာရှင်တချို့က ယူဆထားကြသည်။ အမျိုးသား ကြီးကျယ်မြင့်မြတ်ရေးကိုလည်း ရှေးရူပြီးအောက်မြန်မာနိုင်ငံကိုဝါးမြိုခဲ့ခြင်းလည်းဖြစ်နိုင်သည်ဟု ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်ကြီးများက ယုံကြည်ထားကြသည်။ မည်သို့ပင်ဖြစ်စေ အနိရုဒ္ဓမင်းကြီးသည် သထုံကို ရခြင်းနှင့်အတူ ဗုဒ္ဓဘာသာနှင့် မွန်ယဉ်ကျေးမူ့များကိုလည်း ရယူပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသကို ရရှိခြင်းကြောင့်လည်း သီဟိုဠ်နှင့် ပင်လယ်ကူး ဆက်သွယ်ရေး တိုက်ရိုက် ရရှိနိုင်ခဲ့သည်။


Comments

Popular posts from this blog